ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦး ကျန်းမာရေးအခြေအနေမကောင်းကြောင်းသိရှိရပါသည်။ နီးစပ်သောအသိုင်းအ၀ိုင်းမှပြောကြားချက်အရ ကင်ဆာရောဂါခံစားကြောင်း
သိရှိရသည်။ ယခုလက်ရှိ အချိန်တွင် ဘုန်းကြီးဝတ်နေကြောင်းလည်း သိရသည်။
Saturday, May 5, 2012
Wednesday, May 2, 2012
သူရဦးရွှေမန်းနုတ်ထွက်ရန်ဖိအားပေးခံရ
ပြီးခဲ့တဲ့ရက်ပိုင်းက.သူရဦးရွှေမန်းကိုဖိအားပေးပြီးနုတ်ထွက်ခိုင်းခဲ့တယ်လို့သိရတယ်..ပါတီကနေရောလွှတ်တော်ကနေရောထွက်ခိုင်းခဲ့တယ်လို့..ဦးရွှေမန်းနှင့်ရင်းနှီးတဲ့စစ်အစိုးရ၀န်ကြီးဟောင်းတစ်ဦးကပြောပါသည်။
ပြီးခဲ့တဲ့ကြားဖြတ်ရွှေးကောက်ပွဲရှုံးနှိမ့်မှုကနေစပြီး ကြံ့ခိုင်ရေးပါတီအတွင်းသဘောထား
ကွဲလွဲမှုတွေကြီးမားလာပြီး..ယခင်သမ္မတနှင့်ဦးရွှေမန်းကြားမှာရှိတဲ့အစိုးရနှင့်လွှတ်တော်ကြားရှိ
တိုက်ပွဲဟာအာဏာရပါတီထဲအထိကူးစက်လာခဲ့တယ်လို့ယူဆနိုင်ပါသည်။
စစ်ဗိုလ်ချုပ်ဟောင်းဦးရွှေမန်းအနေနှင့်လည်းစစ်အစိုးရလက်ထက်ကထုံးစံအတိုင်းကိုယ်
ကျိုးစီးပွားများအနေနှင့်သားအကြီးအောင်သက်မန်း၏ဧရာရွှေဝါလုပ်ငန်းအုပ်စု၊သားအငယ်
တိုးနိုင်မန်း ၄င်း၏ယောက္ခမဦးခင်ရွှေနှင့်ပေါင်းလုပ်နေသောစီးပွားရေးလုပ်ငန်းများအားထိခိုက်
လာနိုင်တဲ့အတွက်ယခုဖိအားပေးမှုကိုလွန်ဆန်နိုင်ဖွယ်မရှိကြောင်းသုံးသပ်နိုင်ပါသည်။
စစ်အစိုးရလက်ထက်အခွင့်အရေးရခဲ့သောစီးပွားရေးလုပ်ငန်းရှင်များကလည်းလွှတ်
တော်၏ဆောင်ရွက်ချက်များကြောင့်လက်ရှိအစိုးရ၀န်ကြီးများနှင့်ပေါင်းပြီးရိုက်မည့်ခွင်များ
ပျက်သဖြင့်မကျေနပ်ကြကြောင်းသိရှရပါသည်။
ပို့ဆောင်ရေးဝန်ကြီး၊ဆန်းဖားနှင့်မြန်မာ့လေကြောင်း
ပြုပြင်ပြောင်းလဲမှုများနှင့်အတူပြည်ပနိုင်ငံများ၏စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့်ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဈေးကွက်အလားအလာကောင်းမွန်လာနိုင်မည်ဟုသုံးသပ်ခဲ့ကြပါသည်။
ဒီအချိန်မှာပဲမြန်မာ့လေကြောင်းကိုစီးပွားရေးဆန်ဆန်လုပ်ရမယ်ဆိုတဲ့အကြောင်းပြချက်နှင့်နှစ်
ပေါင်းများစွာပြည်သူအတွက်အရှုံးခံပြေးဆွဲခဲ့တဲ့မြန်မာ့လေကြောင်းရဲ့တွက်ချေကိုက်တဲ့ခရီးစဉ်တော်
တော်များများကို..ဆန်းဖားခရီးသွားလုပ်ငန်းကိုစင်းလုံးငှားအဖြစ်ပေးလိုက်ပြီးမကိုက်တဲ့ခရီးစဉ်တွေကို
မြန်မာ့လေကြောင်းကပဲပြည်သူ့အခွန်ကနေအရှုံးခံပြီးဆက်ဆွဲနေရပါတယ်။မော်လမြိုင်-ထားဝယ်-မြိတ်
ကော့သောင်းညအိပ်ခရီးစဉ်ကိုမြန်မာ့လေကြောင်းတစ်ခုပဲပျံသန်းခွင့်ပြုမည်ဆိုပြီးစာထွက်လာပါတယ်
ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးက..ကျွန်တော်တို့အရှုံးခံလုပ်နေတဲ့သူတွေကို
ပြန်မကြည့်တော့ဘုးဗျာဟုစိတ်ပျက်လက်ပျက်ပြောကြားခဲ့ပါသည်။
` ဆန်းဖားရဲ့ပိုင်ရှင်ဦးသန်းဦးက..မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်းမှတဆင့်ဝန်ကြီးဦး
ဥာဏ်ထွန်းအောင်နှင့်ရင်းနှီးခဲ့ပြီး ယခုအခွင့်အရေးကိုအရယူနိုင်ခဲ့ပါတ.ယ်။ဦးသန်းဦးဟာတစ်ရုပ်လူမျိုး
ဖြစ်ပြီးလေကြောင်းလိုင်းလုပ်ငန်းမှာအမြတ်သေချာတဲ့လက်မှတ်အရောင်းကိုယ်စာလှယ်လုပ်ငန်းကိုသာ
ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
မြန်မာ့လေကြောင်းမှဝန်ထမ်းတစ်ဦးက..ဒို့ဝန်ကြီးကဒီငါးနှစ်ပြီးရင်တောပြန်မယ်လို့ပြောထား
တော့အပြီးတစ်ခါထဲရိုက်နေတာကွ...လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာလည်း
ဝန်ကြီးသမီးကForwarderလုပ်နေလို့ငါတို့ဝန်ထမ်းတွေလဲဂွင်ပျက်ပြီးထမင်းငတ်နေတယ်..ငါတို့တင်လား
ပိုင်ပါတယ်ဆိုတဲ့..ဦးတေဇလိုလူတောင်..၀န်ကြီးနဲ့ဦးတင်မောင်ထွန်းကိုရှယ်ယာမပေးလို့..သူ့ MCS(Mingalardon Cargo Service) ကြီးဒေါ်လာလေးငါးသန်းအကုန်ခံပြီးဒီအတိုင်းပဲထားနေရတာ
ဟုပြောဆိုသွားပါသည်။
ဝန်ကြီးဦးဥာဏ်ထွန်းအောင်ဟာအပြင်ဗန်းအေးဆေးပုံရပြီး..လောဘကြီးသူတဏှာကြီးသူတစ်ဦး
ဖြစ်ကြောင်းသိရှိရပါသည်။
Cambodia နိုင်ငံမှာကျင်းပခဲ့တဲ့
17th ASEAN Transport Minister Meetingကျင်းပနေတုန်း Sofitel Phnom Penh Hotelမှာမဒီကညာတစ်သိုက်နဲ့ပျော်ပါးနေတာ ကိုမျက်ဝါးထင်ထင်တွေ့ခဲ့ရသူCambodiaနိုင်ငံသားကပြောပါတယ်။ဝါသနာပါတာပါတာပေါ့အခုလိုနိုင်ငံကိုယ်စားပြုအစည်းအဝေးမှာတော့မလုပ်သင့်ပါ။ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလကဖြစ်ပြီး ၀န်ကြီးနှင့်ပျော်ပါးခဲ့သူမိန်းကလေး၏အမည်မှာ Miss Kunthea ဖြစ်ပါတယ်။
သမ္မတကြီးကိုသိစေခြင်ပါသည်။နိုင်ငံသိက္ခာကိုတောင်ဂရုမစိုက်ခဲ့တဲ့လူမျိုးအစိုးရအဖွဲ့ထဲရှိနေ
တာကိုပါ။
Subscribe to:
Comments (Atom)


