Pages

Thursday, February 23, 2012

မပြောင်းလဲသေးသောမြန်မာ့လေကြောင်း

မပြောင်းလဲသေးသောမြန်မာ့လေကြောင်း

ဖေဖေါ်ဝါရီ ၉ ရက်နေ့က ကျနော် အလုပ်ကိစ္စတစ်ခုနဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကိုသွားဖို့ဖြစ်လာတယ်။ ဒါနဲ့ လေယာဉ်လက်မှတ်အရောင်းဆိုင်တွေကိုဆက်သွယ်တော့ပုဂလိကလေကြောင်းလိုင်းတွေမှာလက်မှတ် မရတော့ဘူး လို့သိရတယ်။မြန်မာ့လေကြောင်းကဘဲရနိုင်မယ်တဲ့။ အိုကေပေါ့ ကမ်းနားလမ်းမှာရှိတဲ့
မြန်မာ့လေကြောင်းလက်မှတ်အရောင်းဌါနကိုသွားလိုက်တယအဖြေကတော့ထုံးစံအတိုင်းလက်မှတ်ကုန်ပီတဲ့။ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာတော့ အပြင်ကစောင့်နေတဲ့ပွဲစားတွေကအကိုဘယ်သွားချင်လဲ လက်မှတ်ရှိတယ်တဲ့ကိုယ်ကလည်းအရေးကြီးနေတော့လုပ်မယ်ကွာဗန်းမော်သွားချင်တယ်၉ရက်နေ့ လက်မှတ်လိုချင်တယ်ဆိုတော့ အကိုခဏစောင့်ဆိုပြီးအထဲဝင်သွားတယ်။ ခဏနေပြန်ထွက်လာပြီး          ၂ သောင်း ပိုပေးရမယ် လက်မှတ်ရမယ်တဲ့။ လွယ်လိုက်တာ.. ဒီလိုနဲ့မနက်၁၁ခွဲလောက်ကျတော့လက်မှတ် ရလာတယ်..

၉ ရက်နေ့မနက် လေယာဉ်ထွက်ချိန်က ၇နာရီ ၃၀ ကွင်းချိန်းက ၅ နာရီ ၃၀၊ ကျနော်အိမ်ကနေ မနက် ၅ နာရီလောက်ထွက်လိုက်တယ်။ နှင်းပိတ်နေလို့တဲ့ လေယာဉ်က ၉နာရီခွဲမှ ထွက်တယ်။ ထားပါတော့ ရာသီဥတုကိုး ဘယ်တတ်နိုင်မလဲပေါ့။

ဟိုရောက်တော့ ရောက်ရောက်ချင်းနောက်နေ့ဘဲ အပြန်အတွက် လက်မှတ်သွားဝယ်တယ်ကြိုမရောင်း ဘူးတဲ့။ လိုချင်တဲ့နေ့ မတိုင်ခင် ၃ ရက်လောက် အလိုမှရောင်းပေးမယ်တဲ့။ ဒီလိုနဲ့ အဲ့နေ့ရောက်တော့ သွားဝယ်တယ်။ မရတော့ဘူးတဲ့ဟိုနားဒီနားကြည့်တော့လဲ ပွဲစားကမတွေ့။ ပြသနာဘဲပေါ့။ ဒါနဲ့သူငယ်ချင်းတစ်ယောက်သူကဌါနတစ်ခုက လူကြီး ဟဲဟဲ သူ့ဘဲအားကိုးရတော့တာပေါ့. ပြောလိုက်တော့သူကစာတစ်စောင်ရေးပေးလိုက်တယ်. သူ့စာနဲ့ဝယ်တော့မှရတယ်. အဲ့ချိန်မှာဘဲ
ကောင်မလေးတစ်ယောက် လက်မှတ်ရောင်းဆီမှာ ငွေ ၂၀၀၀၀ ပိုပေးပြီးဝယ်နေတာတွေ့တော့မှ
အော်ဒီမှာက ပွဲစားမလိုပါလား တိုက်ရိုက်ငွေပေးရင် ရပါလားဆိုတာသိသွားတော့တယ်။

ဒီလိုနဲ့ လေယာဉ်စီးရမယ့်နေ့ (၁၆ ရက်ဖေဖေါ်ဝါရီ ၂၀၁၂) ရောက်တော့ မနက် ၈နာရီခွဲကွင်းချိန်းတဲ့ ၉နာရီလောက်ရောက်အောင်သွားလိုက်တယ်.. လေယာဉ်ကရောက်မလာဘူး နေ့လည်၁၂ နာရီလောက်မှ လေယာဉ်ရောက်လာတယ် ရန်ကုန်၊ မန်းလေး သွားမယ့်သူတွေကတက်လို့မရသေးဘူးတဲ့ လေယာဉ်ကမြစ်ကြီးနားကို အရင်သွားမှာ အပြန်မှ ရန်ကုန်၊မန်းလေးခရီးသည်တွေကို ၀င်ခေါ်မယ်တဲ့. ဒါနဲ့ဗိုက်ကလဲ ဆာလာတော့ ဆိုင်ကယ်တက်စီနဲ့အပြင်ထွက်ပြီးထမင်းစားလိုက်တယ်. နေ့လည်၂နာရီလောက်မှလေယာဉ်ပြန်ဝင်လာတယ်.ကိုယ်တွေတော့သွားရတော့မယ်ပေါ့ဆိုပြီး
အထုပ်ဆွဲ ကျောပိုးအိတ်လွယ်နဲ့ပေါ့။ ဒီလိုနဲ့ ၂နာရီခွဲလောက်မှကွင်းတာဝန်ခံဆိုတဲ့သူက ၀င်လာပြီး လေယာဉ်က ဘီးပေါက်သွားလို့ပါ၊ရန်ကုန်ကလေယာဉ်တစ်စီးလာကြိုပါ့မယ်ညနေ၄နာရီလောက်ပြန်လာခဲ့ပါတဲ့။ ဒါပထမဆုံးအကြိမ်
လေယာဉ်ကွင်းက ရတဲ့ information ဘဲ။ ဒီလိုနဲ့ပြန်ပေါ့ တည်းတဲ့နေရာကို ညနေ၄နာရီပြန်လာတော့  ခဏစောင့်ရင်း ညနေ ၅ နာရီလောက်မှာ ရန်ကုန်က လေယာဉ်တစ်စီးရောက်လာတယ်။ ကဲဒီတစ်ခါတော့ သွားရပီပေါ့စိတ်ကူးနေတုန်းရောက်လာတဲ့လေယာဉ်ကသေးလို့တဲ့ နေပြည်တော်သွားမယ့်သူတွေဘဲလိုက် လို့ ရမယ်တဲ့။ အဲ့ဒီ့လေယာဉ်က ဘီးလဲဖို့ လိုအပ်တဲပစည်းတွေသယ်လာတယ်၊ ဘီးလဲပြီးရင်ထွက်ပါမယ်တဲ့။
ဒီလိုနဲ့စောင့်ရင်း စောင့်ရင်း ကြည့်နေတာ ဘီးက ဖြုတ်လို့ကို မရသေးဘူး ညက၇နာရီထိုးနေပြီ၊ လေယာဉ်ကွင်းမှာက မီးလဲမရှိဘူး၊ ဘီးလဲနေတဲ့သူတွေကဓါတ်မီးသေးသေးလေးနဲ့ လဲနေတာ၊ စောင့်နေတဲ့ခရီးသည်တွေက ကြောက်လာပြီ၊ကျနော်ကတော့မစီးရဲတော့ဘူး မီးမရှိတဲ့လေယာဉ်ကွင်းက ထွက်မယ့်လေယာဉ်ကို ပြင်နေတာကလက်နှိပ်ဓါတ်မီးသေးသေးလေးနဲ့၊ ခရီးသည်အကုန်လုံးကလဲ မစီးရဲတော့ဘူး မစီးဘူးအပ်ထားတဲ့အိတ်တွေပြန်ပေးဖို့ တောင်းမယ်ဆိုတော့ လေယာဉ်ကွင်းမှ တာဝန်ရှိတဲ့သူကိုရှာမတွေ့ဘူး ကွင်းတာဝန်ခံဆိုတဲ့သူက ဘာ information မှလဲမပေး၊ ရုတ်ရုတ်
ရုတ်ရုတ်ဖြစ်နေတဲ့ ခရီးသည်တွေကိုလဲ မထိန်းသိမ်းဘဲ သူနဲ့ဘာမှမဆိုင်တဲ့လေယာဉ်ဘီးလဲတဲ့ဆီမှာ သွားယောင်နေတယ်။ ခရီးသည်အချို့ပြသနာရှာတော့မှရဲတစ်ယောက်ကသွားခေါ်ပေးတယ်။ အဲ့ဒီ့ တာဝန်ခံဆိုတဲ့လူက စောင့်ပါတဲ့ပြင်နေပါတယ်တဲ့ လိုတဲ့ပစည်းကို မြို့ထဲထွက်ဝယ်နေပါတယ်တဲ့၊ လေယာဉ်ပစည်းဗန်းမော်မှာရမှန်း ကျနော်လဲအဲ့တော့မှသိတော့တယ်။ ခရီးသည်တွေအကုန်လုံးက
မလိုက်ရဲတော့ဘူး ပြန်မယ် အိတ်တွေပြန်ထုတ်ပေးပါ အတင်းတောင်းဆိုတော့မှ ည ဂ နာရီခွဲမှာ အိတ်တွေပြန်ရတယ်၊ နောက်ရက်မနက်၁၀နာရီကိုကွင်းချိန်းပြန်ပေးလိုက်တယ်။နောက်နေ့မနက်ရောက်တော့ ရန်ကုန်ကနေလေယဉ်တစ်စီး ရောက်နေတာတွေ့တယ်။
ကျနော်တို့ကိုလာခေါ်တဲ့လေယာဉ်လို့ထင်တာပေါ့ ဟုတ်ဘူးဗျ ဘီးလဲဖို့ မေ့ကျန်ခဲ့တဲ့
ပစည်းတွေလာပို့တာတဲ့၊ သေလိုက်ပါတော့၊ ဒီလိုနဲ့ နေ့လည်၁၂နာရီခွဲမှာတကယ်လေယဉ်ထွက်ဖြစ်သွား ပါတယ်။ ထမင်းက မစားရသေးတော့ ဗိုက်တွေကက ဆာနေတာပေါ့၊လေယဉ်မောင်၊ မယ် တွေကလဲ ဆက်ဆံရေးကောင်းပါတယ်၊ သူတို့လဲဗန်းမော်မှာတစ်ညအိပ်လိုက် ရတာကိုး၊ ကျနော်တို့ကြောင့်အိပ်လိုက်ရတဲ့ ပုံစံနဲ့တောင်းပန်စကားတစ်ခွန်းမပြောဘူး၊ မျက်နှာက ရှစ်ခေါက်ချိုးနဲ့၊
ခရီးသည်တွေကပြန်ကြောက်နေရတယ်။ ဒီလိုနဲ့ ညနေ ၃ နာရီခွဲလောက်မှာမြန်မာ့လေကြောင်းလိုင်းရဲ့ လေယာဉ်ကြီးဟာ ရန်ကုန်မြို့တော်ကြီးကိုအောင်မြင်စွာဆိုက်ကပ်နိုင်ခဲ့ပါတယ်။ ဗန်းမော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့လာတာကြာချိန်စုစုပေါင်း ၂၇ နာရီခွဲကြာသွားပါတယ်။

မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများခင်ဗျား ပြုပြင်ပါအုံးလို့ ပြောလိုက်ပါရစေ။




No comments:

Post a Comment