Pages
Tuesday, January 31, 2012
ဒေါ်လာ တသောင်းဖိုးထိ လဲလှယ်ခွင့် ပြုမည်
ဒေါ်လာ တသောင်းဖိုးထိ လဲလှယ်ခွင့် ပြုမည်
ဦးတေဇ
ဦးတေဇပိုင် ထူးထရေးဒင်းကုမ္ပဏီက စီးပွား/ကူးသန်းဝန်ကြီးဌာနမှာ ဒေါ်လာ ၂ သန်းကျော်တန် အီတလီနိုင်ငံထုတ် ၂၀၁၁ ခုနှစ်မော်ဒယ် Buggati ပြိုင်ကားတစ်စီးကို တင်သွင်းဖို့ စာရင်းပေးထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းတွေအခြေအနေနဲ့ ယခုလိုပြိုင်ကားမောင်းနှင်ဖို့ လက်ရှိအချိန်မှာ ခက်ခဲနေသေးကြောင်း ကားဝပ်ရှော့ အသိုင်းအ၀ိုင်းမှ သိရပါတယ်။
ဦးပြည့်ဖြိုးတေဇ ကျောက်တန်းနှင့် သန်လျင်ရှိ သီလရှင် ကျောင်းများသို့ ကျပ်သိန်း (၁၂၀) လှူဒါန်း
ဦးပြည့်ဖြိုးတေဇ ကျောက်တန်းနှင့် သန်လျင်ရှိ သီလရှင် ကျောင်းများသို့ ကျပ်သိန်း (၁၂၀) လှူဒါန်း
ဒေါ်စု မကွေးတိုင်းကျေးရွာတွေ ဖွံ့ဖြိုးရေးလေ့လာ
ဒေါ်စု မကွေးတိုင်းကျေးရွာတွေ ဖွံ့ဖြိုးရေးလေ့လာ
ဘိန်း သံသရာ
“ကျနော်တို့အတွက်ကဘိန်းဆိုတာ အန္တရာယ်၊ လူသားမျိုးနွယ် အညွန့်တုံးစေမယ့် မူးယစ်ဆေး။ ဒါပေမယ့် တောင်သူတွေအတွက်ကတော့ဒါဟာ ရွှေ။ သူတို့သိတာသူတို့စားဝတ်နေရေးအတွက် ရွှေ၊ စားစရာပေးမယ့်ငွေ”
ဒါကတော့ မြန်မာနိုင်ငံမူးယစ်အထူးတိုက်ဖျက်ရေးအဖွဲ့က အငြိမ်းစား ရဲအရာရှိတယောက် ပေးတဲ့မှတ်ချက်ပါ။
ရှမ်းပြည်နယ်နမ့်ဆမ်မြို့နယ်က ဘိန်းစိုက်တောင်သူ ဦးစိုင်းလုံ (အမည်ရင်းမဟုတ်)က “ဘိန်းစိုက်ရင် အချိန် ၄ လပဲ ပေးရတယ်။ ၄ လနဲ့တင် အစေးယူလို့ရပြီ။ ဘိန်းစိမ်းတပိဿာကို အနည်းဆုံးကောက်ဈေး ၆ သိန်းကနေ ပြန်ရောင်းဈေးက ၁၅ သိန်း၊ ၁၆ သိန်းအထိ အရည်အသွေးအလိုက်ဈေးပေါက်တယ်။ အဲဒီတော့ ဒီတပိဿာတည်းနဲ့ တနှစ်လုံး ထိုင်စားလို့ရတာကိုး။ အချိန်အကြာကြီးစောင့်ပြီးအဝေးကြီး၊ အများကြီးသယ်သွားပြီး ရောင်းမှရမယ့် သနပ်ဖက်တို့၊ အာလူးတို့၊ သီးနှံတို့ ဘယ်စိုက်တော့မတုန်း” ပြောပြပါတယ်။
ဘိန်းပင်တွေစိုက်တဲ့အခါထွေထွေထူးထူး ထိန်းသိမ်းပြုပြင်ဖို့ မလိုသလို ဘိန်းသီးကိုခြစ်လို့ ထွက်လာတဲ့ အစေးတွေကိုနောက်တနေ့မှာ ပြန်သိမ်းယူရတာဟာ လက်ဝင်တဲ့အလုပ်ဆိုပေမယ့် ဘိန်းတဧကကို ဘိန်းစိမ်း တပိဿာခွဲကနေ ၃ ပိဿာအထိရတာကြောင့် အခြားသီးနှံတွေ စိုက်တာထက်စာရင် အကျိုးအမြတ်ပိုရနေတယ်လို့ သိရပါတယ်။
အစေးခြစ်ယူတဲ့နည်းအပြင်ဘိန်းပင်စိုက်တဲ့အခါ အဖူးလေးတွေ ထွက်လာတာနဲ့ အပင်ကိုနှုတ်၊ ရေနည်းနည်းနဲ့ ပြုတ်ပြီးတော့အဆီထုတ်ယူတာကနေ ရတဲ့ဘိန်းဆီဟာလည်း ဈေးကောင်းရတယ်လို့ ဆိုပါတယ်။
ရာသီဥတု အပြောင်းအလဲ၊မြေဆီအခြေအနေ စတာတွေကြောင့် တခြားစိုက်ပျိုးသီးနှံတွေ မအောင်မြင်လို့ တခြားတောင်သူတွေစားဝတ်နေရေးပြဿနာ ရင်ဆိုင်ရပေမယ့် ဘိန်းစိုက်တောင်သူတွေ အဖို့ကတော့ ဘိန်းစိုက်တာ တနှစ်အောင်မြင်သွားရင်ပဲနောက် ၂ နှစ် ၃ နှစ်အထိ စားဝတ်နေရေး ပြေလည်ကြပါတယ်။
ဒါကြောင့်လည်းရှမ်းတောင်တန်းတွေမှာ အရင်က ဝေစည်နေခဲ့ဖူးတဲ့ သနပ်ဖက်စိုက်ခင်းတွေ၊ သီးနှံစိုက်ခင်းတွေနေရာမှာငွေဖြစ်လွယ်တဲ့ ဘိန်းခင်းတွေက အစားထိုးဝင်လာနေတာပါ။
ဘိန်းစိုက်တာအပြင်မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေပါ ရှိနေတယ်။ နယ်မြေခံအာဏာပိုင်တွေ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့တို့ ပါဝင်ပတ်သက်တာတွေလည်း ရှိနေတယ်လို့သိရပါတယ်။
“သူတို့ကို ဘိန်းခွန်ပေးရတယ်။ ဘိန်းဆယ်ပိဿာထွက်ရင် အရည်အသွေးအလိုက် ဘိန်းခွန် တပိဿာ၊ နှစ်ပိဿာ၊ နောက်ပြီး ဘယ်အဖွဲ့ကိုငွေဘယ်လောက် ဆိုတာမျိုး ဘိန်းခွန်ပေးရတာ။ တချို့ကျတော့လည်း သူတို့ကိုယ်တိုင် တောင်သူတွေကိုစည်းရုံးပြီးစိုက်ခိုင်း၊ ပြီးရင် သူတို့ကပဲ ပြန်ဝယ်တယ်။ ပြီးရင် တရုတ်ပြည်ကို ရောင်းတာရောင်း၊ဘိန်းဖြူပြန်ချက်တာတွေ လုပ်ကြတယ်” လို့ ဦးစိုင်းလုံက ပြောပါတယ်။
ပလောင်အမျိုးသမီးများအဖွဲ့(PWO) ကထုတ်တဲ့ အစီရင်ခံစာတရပ်မှာတော့ ရှမ်းပြည်နယ် ပလောင်ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်နေတာတွေဟာ၂၀၁၀ နိုဝင်ဘာ နောက်ပိုင်းကနေ ၂၀၁၁ နှစ်ကုန်ပိုင်းအထိ ၇၈ ရာနှုန်း တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးကလည်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာတနှစ်အတွင်းမှာ ၂၀ ရာနှုန်း မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်ဘက်တင်မကအိန္ဒိယ-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းမှာဆိုရင်လည်း၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ဘိန်းကို တိုးပြီး စိုက်လာကြတာဟာ ၂၀၁၁ နှစ်ကုန်ပိုင်းမှာဆိုရင်ဧက ၅၀၀ ထက်မနည်း ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
“အများစုက ဒီဖက်မှာလာနေတဲ့ကသည်းလူမျိုးတွေ စိုက်ကြတယ်။ သူတို့ကို ဒီက အာဏာပိုင်တွေက နေထိုင်ခွင့် ပေးထားပြီး အဲဒီဘိန်းစိုက်တာကိုလည်းငွေယူပြီးတော့ ခွင့်ပြုထားတာ။ ထွက်လာတဲ့ ဘိန်းစိမ်းတွေကို တရုတ်ကိုပို့တယ်။ အိန္ဒိယဘက်ကိုပြန်ပို့တာလည်း ရှိတယ်” လို့ အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်သူတဦးက ပြောပြပါတယ်။
ကချင်ပြည်နယ်မှာလည်းဘိန်းစိုက်ပျိုးမှု တိုးတက်လာတာရဲ့ နောက်ဆက်တွဲအဖြစ် မူးယစ်ဆေးဝါး သုံးစွဲမှုတွေ တစတစ များလာလို့ဖားကန့်၊ လုံးခင် စတဲ့ ကျောက်တူးရာ မှော်ထဲတွေမှာ မူးယစ်ဆေးဝါးပြဿနာတွေ၊ အမှုအခင်းတွေမကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နယ်မြေခံရဲတွေကလည်းလိုင်းကြေးတွေယူပြီး လွှတ်ထားတော့ မှော်ထဲမှာဆိုရင် ဒီဆေးပြားတွေ၊ ဘိန်းတွေက လွတ်လွတ်လပ်လပ်ကိုရောင်းဝယ်ဖောက်ကားနေသလို ဖြစ်နေတယ်။ မြို့ပေါ်မှာတောင် တက္ကစီသမားတွေ၊ ကျောင်းသားတွေဘိန်းစွဲနေတာ၊ ဆေးပြားသုံးနေတာတွေ အများကြီး တွေ့လာရတယ်” လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
မူးယစ်ဆေးဝါး ပပျောက်ရေးအတွက်ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှုတွေ လုပ်နေတယ်ဆိုပေမယ့် မထိရောက်တာတွေအပြင် အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကြောင့်အခုလို ဘိန်းစိုက်ပျိုးမှုတွေ ပြန်တိုးလာရတယ်လို့ အငြိမ်းစား မူးယစ်တိုက်ဖျက်ရေး အရာရှိဟောင်းက သုံးသပ်ပါတယ်။
၁၉၉၅-၉၆ ခုနှစ်လောက်မှာမူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းတရပ်အနေနဲ့ ဘိန်းအစားထိုးသီးနှံအဖြစ် ပန်းဂျုံစိုက်ပျိုးဖို့အတွက် ဂျပန်နိုင်ငံက မျိုးစေ့နဲ့ နည်းပညာ အထောက်အကူတွေ ပေးခဲ့ပါတယ်။ ရှမ်းပြည်နယ်ကတောင်တန်းဒေသတွေရဲ့ မြေဆီမြေလွှာ အနေအထားအရ ပန်းဂျုံ စိုက်ပျိုးအောင်မြင်ရမှာ ဖြစ်ပေမယ့်တကယ်တမ်း လက်တွေ့မှာတော့ အောင်မြင်မှုမရခဲ့ဘူးလို့ သူက ဆိုပါတယ်။
“မျိုးစေ့တွေပေးတယ်၊ရောင်းစားတယ်။ မြေသြဇာတွေ၊ စိုက်ပျိုးရေးသုံးပစ္စည်းတွေ အထက်က ချပေးတယ်။ ရွာသားတွေဆီမရောက်ဘူး။ ပေါက်တူးကအစ၊ တူရွင်းကအစ ၀န်ထမ်းတွေက ရောင်းစားတယ်။ ရွာသားဆီကိုကျတော့ မကောင်းတဲ့မျိုးစေ့၊မကောင်းတဲ့ပစ္စည်းပေး၊ မြေသြဇာက မလုံမလောက်နဲ့ဆိုတော့ အထွက်မကောင်းတာနဲ့ မစိုက်ချင်ကြတော့ဘူး။ပန်းဂျုံဆိုတာ မူးယစ်ပြတိုက်မှာပဲ ရှိတော့တယ်” လို့ သူက ဆက်လက်ပြောပြပါတယ်။
ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးဖို့တောင်သူတွေကို ပညာပေး၊ စိုက်ပျိုးရေးသင်တန်းတွေ ပေးပြီး မျိုးစေ့တွေ၊ အပင်တွေ ပေးလိုက်ပေမယ့်လည်းတောင်သူတွေက မျိုးစေ့တွေ၊ အပင်တွေကို လမ်းမှာတင် ပစ်ခဲ့တာမျိုးလည်း ကြုံတွေ့ရဖူးတယ်လို့ဆိုပါတယ်။
“ဘာလို့တုန်းမေးတော့ ဒါတွေစိုက်ရင် အနည်းဆုံး ၂ နှစ် ၃ နှစ်နေမှ အကျိုးခံစားရမယ်၊ ဒီကြားထဲမှာ ကျနော်တို့ဘာသွားစားရမလဲ၊ ငတ် သေမှာပေါ့တဲ့။ ပြီးတော့ ဒါတွေ ပြန်ရောင်းမယ်ဆိုရင် အများကြီးလည်းထမ်းရတယ်။ အမြတ်ရရင်လည်း အလွန်ဆုံးမှ အချိန် တဆယ်လောက်ကိုမှ လေးငါးထောင်။ ဘိန်းတပိဿာဆိုအသာလေးသယ်သွား၊ တနှစ်မက ထိုင်စားလို့ရတယ်လို့ ပြန်ပြောတာဗျာ” လို့ သူကပြောပါတယ်။
ဘိန်းခင်းတွေဖျက်ဆီးရှင်းလင်းရေး လုပ်တဲ့အခါ နယ်မြေခံ အာဏာပိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းမှုတွေလုပ်ထားတာကြောင့်ဓာတ်ပုံရိုက်ရုံ၊ ဗီဒီယိုသတင်းရိုက်ရုံသာ ဖျက်ဆီးကြလို့ ရှိနေတဲ့ဘိန်းခင်းဧရိယာရဲ့၅ ပုံတပုံကိုသာ ဖျက်နိုင်တာလို့ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရေးမှာလည်း အဓိက ကုန်သည်ကြီးတွေ၊ ထုတ်လုပ်သူတွေဟာ အာဏာပိုင်တွေကိုလာဘ်ထိုးထားတာကြောင့် အမြဲတစေ လွတ်မြောက်လေ့ရှိတယ်။ လာဘ်ထိုးတဲ့အခါ ငွေကြေးအပြင်၊ မူးယစ်ဆေး၊နေအိမ်၊ ကားစတာတွေ လာဘ်ထိုးလေ့ရှိတယ်လို့ သူကဆိုပါတယ်။
သူက “တရားခွင်ပေါ် ရောက်သွားတဲ့လူတွေဟာလက်လီပြန်ရောင်းသူတွေ၊ ဆေးသုံးသူတွေပဲ များတယ်။ အဓိက ကုန်သည်တွေ၊ ထုတ်လုပ်သူတွေရဲ့ အမှုတွေဟာတရားခွင်ပေါ်ရောက်လာတာ သိပ်ရှားတယ်။ အချုပ်မှာတင် လာဘ်ထိုးပြီး အာမခံနဲ့ လွှတ်တယ်ဆိုတာမျိုးကြောင့်တခါ လိုက်ပြန်ဖမ်းရတာမျိုး ခဏခဏကြုံဖူးတယ်။ ဖမ်းတဲ့ နေရာတင် ဆရာတို့ ဒီဟာတွေ ယူသွားပါ ကျနော်တို့ကိုတော့လွှတ်ပေးပါဆိုတော့ ဖမ်းတဲ့သူတွေက ပစ္စည်းတွေကို သိမ်း၊ လူကိုတော့ ပြေးခိုင်း၊ ပြီးတော့သူတို့ဘာသာ ပြန်ရောင်းတယ်။ ဒီလို အကျင့်ပျက်ဝန်ထမ်းတွေကို အဖွဲ့လိုက် ဖမ်းခဲ့ရဖူးတယ်” လို့ ပြောပြပါတယ်။
မြန်မာအစိုးရကကတော့ ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်း ဘိန်းစိုက်ပျိုးရာသီဖြစ်တဲ့ စက်တင်ဘာကနေ နိုဝင်ဘာအထိမှာရှမ်းပြည်နယ် ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်းကိုင်၊ မောက်မယ်၊လွိုင်လင်မြို့နယ်တွေနဲ့ ကယားပြည်နယ်ဖရူးဆိုး၊ဒီမောဆိုးမြို့နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မကွေးတိုင်းတွေက ဘိန်းခင်း၂၄၁၆၉ဒဿမ ၃၃ ဧကကို ဖျက်ဆီးနိုင်ခဲ့တယ်၊မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၂၂၉ ယောက်ကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်၊ စိတ်ကြွဆေးပြား၇ သိန်းကျော်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သူတို့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဘိန်းအဓိက စိုက်ပျိုးနေတဲ့ဒေသတွေဟာတခြားနေရာဒေသတွေထက်စာရင် အစစ၊ အရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ နေရာတွေဖြစ်နေတာကြောင့်ငွေရလွယ်မှုတခုအတွက် ဒေသခံတွေ လမ်းမှားမလိုက်အောင် ပညာပေးနေရုံသက်သက်မဟုတ်ဘဲ ဒီဒေသတွေဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား လုပ်ရမှာဖြစ်သလို တဘက်ကလည်း အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကိုထိထိရောက်ရောက် ထိန်းချုပ်ဖို့ အရေးကြီးတယ်လို့ ရဲအရာရှိဟောင်းက ဆိုပါတယ်။
“ဘိန်းစိုက်တာဟာဟိုးအရင်ကတည်းက ဒီဒေသတွေမှာ အရိုးစွဲ အမြစ်တွယ်နေသလို ဒီကရတဲ့ အကျိုးအမြတ်ကို အလွဲသုံးစား လုပ်နေတာတွေဟာလည်းအာဏာပိုင်တွေဆီမှာ အရိုးစွဲနေတယ်။ ဒါတွေ မပျောက်ပျက်သရွေ့ မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးဆိုတာဟာပြတိုက်ထဲထည့်ထားရတဲ့ ပုံပြင်ပြကွက်တခုလိုပဲ ဖြစ်နေဦးမှာပဲ။ ဒီဘိန်းသံသရာကြီး ရှည်ကြာနေဦးမှာပဲ” လို့ သူက ပြောပါတယ်။
တမူးမှာ ပေါက်ကွဲမှု ဖြစ်ပြီး ကလေးတစ်ဦးသေ
တမူးမှာ ပေါက်ကွဲမှု ဖြစ်ပြီး ကလေးတစ်ဦးသေ
The Lady ရုပ်ရှင် ထိုင်းတွင် ပြမည်
ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ကို ရိုက်ကူးထားသော The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်စခွန်ခရိုင် မဟာချိုင်မြို့များတွင် ဖေဖော်ဝါရီ၂ ရက်မှ ၁၆ ရက်အထိ ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။
The Lady ရုပ်ရှင်ကားမှ ဇာတ်ဝင်ခန်းတခု(ဓာတ်ပုံ - The Lady movie )
The Lady ကို Major Cineplex Group Public Co. Ltd. က ၎င်းတို့၏ IT Computer အဖွဲ့သို့ ဈေးကွက်မြှင့်တင်ရေးအနေဖြင့်ပြသ ခွင့် ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတဦးဖြစ်သည့် ကိုမျိုးက ပြောသည်။ လတ်တလောတွင် လက်မှတ် ၇၀၀၀ ခန့် ဈေးကွက် တွင်း ဖြန့်ချိထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
The Lady ရုပ်ရှင် လက်မှတ်တစောင်လျှင် ထိုင်းဘတ် ၁၄၀ ဖြင့် ဖြန့်ချိလျက်ရှိကြောင်း၊ မူလတန်ဖိုးမှာ ဘတ် ၁၆၀ ဖြစ်ကြောင်း၊ ရုပ် ရှင် ကြည့်သူများကို ဘိုးလိန်း ကစားခြင်း နှင့် ကာရာအိုကေ သီဆိုခွင့်အတွက် အခမဲ့ ၀န်ဆောင်မှု ပေးထားကြောင်း လက်မှတ်ဖြန့်ချိသူ တဦးဖြစ်သည့် မငယ်ကလည်း ပြောပြသည်။
လက်မှတ် ၀ယ်ယူထားသူ တဦးဖြစ်သော ကိုထွန်းဇော်က The Lady ရုပ်ရှင်ကို အမျိုးသားရေးအမြင်ဖြင့် အားပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ မဖြစ်မနေ အားပေးကြည့်ရှုသင့်ကြောင်း ပြောသည်။
“ကျနော်တို့လို အသက်၂၀ ကျော် ၃၀ အရွယ် လူငယ်တွေအနေနဲ့ အမေစုအကြောင်း အသေအချာသိတဲ့သူ အရမ်းနည်းတယ်။ ဒါကြောင့် ဒီဇာတ်ကားကို ရုံတင်ပြတာ အင်မတန် ၀မ်းသာတယ်။ ဒီကားကို မြန်မာတွေ အားလုံးကြည့်သင့်တယ်”ဟု ၎င်းက ဆိုသည်။
ယင်းဇာတ်ကားကို မူလက ရုပ်ရှင်ရုံ တရုံတွင် တပွဲနှုန်းဖြင့် ပြသရန် စိတ်ကူးခဲ့သော်လည်း ပျံ့နှံ့နေသော မြန်မာနိုင်ငံသားများ နီးစပ် ရာ နေရာများတွင် ကြည့်ရှုနိုင်ရန် Major Cineplex Group Public Co. Ltd.မှ ရုပ်ရှင်ရုံကြီးများကို သတင်း၂ ပတ်တိတိ ငှားရမ်း ပြ သရခြင်းဖြစ်ကြောင်း ကိုမျိုးက ဆက်လက် ရှင်းပြသည်။
“ဒါကြောင့် ဒီဇာတ်ကားကို ရုံတင်ပြသနိုင်အောင် ကျနော်ရယ် ကျနော့်မိတ်ဆွေ ထိုင်း စီးပွားရေးသမား တချို့နဲ့ တိုင်ပင်ပြီး ပြသဖို့ စီစဉ်လိုက်တာပါ။ လူတွေကတော့ အရမ်းစိတ်ဝင်စားကြတယ်လေ။ ဖုန်းထိုးပြီး ခဏခဏမေးနေကြတယ်”ဟု ၎င်းက ဆိုသည်။
The Lady ရုပ်ရှင်ကားကို ပြင်သစ် ဒါရိုက်တာ Luc Besson က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရိုက်ကူးခြင်း ဖြစ်ပြီး ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသည်။
မီရှဲလ်ယိုးသည် Tomorrow Never Dies ၊ Crouching Tiger, Hidden Dragon ၊ Memoirs of Geisha စသည့် ရုပ်ရှင်ကားများဖြင့် အောင်မြင် ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် တဦးဖြစ်သည်။
ထိုရုပ်ရှင်၌ ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်  သို့ ပြန် လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ်ခန့် အထိ သရုပ်ဖော်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ဧရာဝတီ တိုင်း ဓနုဖြူမြို့သို့ သွားရောက်သည့် ပါတီ ခရီးစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၊ NLD ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့် ဇာတ်ရုပ်များလည်း The Lady ၌ ပါဝင်၍ မြန်မာနိုင်ငံသားများစွာ သရုပ်ဆောင်ထားကြောင်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သူတဦးက ပြောဆိုဖူးသည်။
Monday, January 30, 2012
ပါတီ ဒုဥက္ကဋ္ဌ နိုင်​ေရာ့​စ ​ေခါင်း​ေဆာင်တဲ့​ အဖွဲ့​ဝင် ၇ ဦး​ပါ ကိုယ်စား​လှယ်​ေတွ ပါဝငြပီး​ အစိုး​ရဘက်က ရထား​ဝန်ြကီး​ ဦး​ေအာင်မင်း​ ဦး​ေဆာင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ြပည်​ေထာင်စုအဆင့် ​ဆှေး​နှေး​မှာြဖစ်ပါတယ်။
ဒီ​ေတွ့​ဆံုပွဲမှာ တနိုင်ငံလံုး​ြငိမ်း​ချမ်း​ေရး​နဲ့​ ​ေထာင်သွင်း​အကျဉ်း​ချခံ​ေနရတဲ့​ မွန်နိုင်ငံ​ေရး​အကျဉ်း​သား​ေတွ ြပန်လွှတ်​ေပး​ဖို့​လည်း​ ​ေတာင်း​ဆိုသွား​မယ်လို့​ မွန်ြပည်သစ်ပါတီက ​ေြပာပါတယ်။
မွန်ကိုယ်စား​လှယ်အဖွဲ့​ကို သံြဖူဇရပ်ြမို့​က မွန်ဒေသခံ​တှေက ​သောငျး​သောငျွးဖွဖ ြကိုဆိုြကပါတယ်။
ဗိုလ်မှူး​ြကီး​ ယွက်စစ်ဦး​ေဆာင်တဲ့​ ရှမ်း​ြပည်တပ်မ​ေတာ် (​ေတာင်ပိုင်း​)နဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​ အခုလ ၁၆ ရက်နေ့​ ​တောငျွကီွးမို့​တှေ့​ဆံုပွဲမှာ အပစ်အခတ်ရပ်စဲ​ေရး​အပါအဝင် အချက် ၁၁ ချက် ကို သ​ေဘာတူ လက်မှတ်ထိုး​နိုင်ခဲ့​ပါတယ်။
နအဖစစ်​ေကာင်စီဟာ လွှတ်​ေတာ်​ေတွမ​ေပါ်​ေပါက်ခင် အစိုး​ရသစ် ​ေပါ်လာကာနီး​ တနှစ်ခန့်​အြကာမှာ အပစ်အခတ်ရပ်ထား​တဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်​ေတွကို နယ်ြခား​ေစာင့်​တပ် အသွင်​ေြပာင်း​ေရး​၊​ ြပည်သူ့​စစ်အသွင်​ေြပာင်း​ေရး​၊​ လက်နက်ချရေး​စတာ​တှေ ​တောငျး​ဆိုတာ​ေြကာင့်​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​ေတွနဲ့​ ရထား​ြပီး​သား​ အပစ်အခတ်ရပ်စဲရေး​တှေ ပျက်ြပယ်ခဲ့​ပါတယ်။
အစိုး​ရသစ်လက်ထက်မှာ အပစ်အခတ်ရပ်စဲ​ေရး​ ြပန်လည်ြကိုး​ပမ်း​မှုြဖစ်ြပီး​ အရင်တုန်း​က ​တှေ့​ဆုံ​ရေး​ မကမ်း​လှမ်း​ဖူး​တဲ့​ ​ေကျာင်း​သား​တပ်မ​ေတာ်လို ဒီမိုက​ေရစီ အင်အား​စုတှေကိုပါ ​တှေ့​ဆုံဖို့​ ကမ်း​လှမ်း​လာပါတယ်။
စီးပွားရေး အဆင့်မြှင့်ရန် စင်ကာပူ သင်တန်းများ ပေးမည်
စီးပွားရေး အဆင့်မြှင့်ရန် စင်ကာပူ သင်တန်းများ ပေးမည်
လွတ်လပ်သော မီဒီယာသမဂ္ဂ ဦးစွာ ဖွဲ့စည်းသင့်
လွတ်လပ်သော မီဒီယာသမဂ္ဂ ဦးစွာ ဖွဲ့စည်းသင့်
မြေလွတ်မြေရိုင်း ဥပဒေ
မြေလွတ်မြေရိုင်း ဥပဒေ
land law
မြေလွတ် မြေရိုင်း ဥပဒေသစ် လယ်သမားတွေ အတွက် အကျိုးရှိမလား
အသစ် ပြဌာန်းမယ့် မြေလွတ်မြေရိုင်း ဥပဒေအရ ပြည်တွင်းပြည်ပ က လုပ်ငန်းရှင်တွေဟာ တကြိမ်ကို ဧက ၅၀၀၀ အထိ ရှင်းလင်း စိုက်ပျိုးခွင့် ရမှာ ဖြစ်ပြီး၊ စုစုပေါင်း ဧက ငါးသောင်းအထိ လုပ်ကိုင်ခွင့် ရမှာ ဖြစ်ပါတယ်။
ခုတ်ထွင်ရှင်းလင်းထားတဲ့ မြေမှာ နှစ်အကန့် အသတ်မရှိ လုပ်ကိုင်ခွင့်ရမယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ၃ နှစ်ကြာတဲ့ အထိ မစိုက်ပျိုးရင်တော့ မြေကို ပြန်သိမ်းမယ်လို့လည်း ဥပဒေမှာ ပြဌာန်းထားပါတယ်။
ဒီလို လုပ်ကိုင်ခွင့်ရှိသူဟာ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေသာ ဖြစ်ပြီး၊ သာမန်ပြည်သူတွေအနေနဲ့ ဧက ၅၀ သာ ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးခွင့်ရှိမယ်လို့ ဆိုပါတယ်။
နိုင်ငံခြား ကုမ္ပဏီတွေက မြေဧက အမြောက်အများ ပိုင်ဆိုင်ခွင့်ရပြီး မြန်မာနိုင်ငံသားတွေက အဲဒီမြေတွေမှာ အလုပ်သမား ဖြစ်ကုန်မယ့် အစီအစဉ်မျိုး ဖြစ်နေသလားလို့ ဘီဘီစီက မေးမြန်းရာမှာတော့ နိုင်ငံခြားက နည်းပညာနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရချင်လို့ ဒီဥပဒေကို ပြဌာန်းတာဖြစ် တယ်လို့ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
ဥပဒေကို ပြည်သူ့လွှတ်တော်ကရော၊ အမျိုးသားလွှတ်တော်ကရော အတည်ပြုပြီး ဖြစ်ပေမဲ့ ကွဲလွဲချက်တွေရှိနေသေးလို့ ပြည်ထောင်စု လွှတ်တော်မှာ ပြန်လည် ဆွေးနွေးဦးမယ်လို့ ဆိုပါတယ်။
လယ်သမား အရေးဆောင်ရွက်သူတွေ မကွေးတိုင်း ကမ္မမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကတော့ ဒီဥပဒေကို ပြဌာန်းရာမှာ လယ်သမားတွေရဲ့ သဘောဆန္ဒကို မရယူခဲ့သလို လယ်သမားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုပြီး သမ္မတ ဦးသိန်းစိန် ဆီ ကန့်ကွက်စာပေးပို့ထားခဲ့ပါတယ်။
Sunday, January 29, 2012
ကြံ့ခိုင်ရေးတွေလဲ ပန်ကြားလွာ ထုတ်ကုန်ကြပြီ ။
ကြံ့ခိုင်ရေးတွေလဲ  ပန်ကြားလွာ ထုတ်ကုန်ကြပြီ ။
သူရဦးရွှေမန်းသို့ ပန်ကြားလွှာ
သို့ 
သူရဦးရွှေမန်း
ဒုတိယဥက္ကဌ
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ
နေပြည်တော်၊ ဌာနချုပ် ။
ရက်စွဲ   ။  ၂၀၁၂ ခုနှစ် ၊ ဇန္န၀ါရီလ ၊ ( ၁၅ ) ရက်။
အကြောင်းအရာ        ။   စွမ်းအားရှင် ဟု ပြည်သူလူထု အမြင်လွဲမှားအောင်
ဆောင်ရွက်ထားမှုအား ဖြေရှင်းပေးရန်
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း လက်ထက်ကတည်း ကလူမှုရေးလုပ်ငန်းများ နှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ ကို အားတက်သရော ဆောင်ရွက်ခဲ့ကြသည့် လူငယ်များ မှ ပြည်ထဲ ရေးဝန်ကြီးဌာန ၏ မြို့ ပြဥပဒေ ကြောင့် စွမ်းအားရှင် အမည်တပ်ခံရပြီး လူမှု ပတ်ဝန်းကျင်
ပေါင်းသင်းဆက် ဆံ ရေးတွင် နစ်နာဆုံးရှုံးနေမှုများအား ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။
၂။     ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အရေးအခင်းတွင် မြို့ ပြဥပဒေအရဒေသဆိုင်ရာအာဏာပိုင် ( တိုင်း/ခရိုင်/မြို့ နယ် ) များ က ဒေသအတွင်းရှိ မည်သူ့ ကို မဆို စွမ်းအားရှင် အဖြစ် ခေါ်ယူအသုံးပြုနိုင်သည် ဟု ပြဌာန်း ချက်  ပါအတိုင်း ဆောင်ရွက်ရာတွင်  အစိုးဝန်ထမ်းများက ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန် အရဆောင်ရွက်သည် ကို ဖုံးကွယ်နိုင်ရန်အတွက်ပြည် ခိုင် ဖြိုး အသင်း ၀င်များကို စွမ်းအားရှင်များ ဟု ၀ါဒဖြန် ခဲ့ကြသည်။
ဘုန်းကြီးရိုက်တယ်/ သံဃာရိုက်တယ် ပြောဆိုမှုများကို ရေငုံနုတ်ပိတ် နေထိုင်ခဲ့ကြသည် ။
၎။      ဗိုလ်ချုပ်အောင်ဆန်းသမိုင်းအကြောင်းဖန်ဝေသည့်ဗီစီဒီအခွေများတွင်၂၀၀၇ခုနှစ်စက်တင်ဘာ
အရေးအခင်း နှိမ်နင်းမှုပြကွက်များမှ ဘုန်းကြီး/သံဃာ ကိုရိုက်သည် ဆိုသောပြကွက်များ တွင် ပြည် ခိုင် ဖြိုး တစ်ဦး တစ်ယောက် ကို မျှ မတွေ့ ရပဲ စစ်သား/ ရဲ / ဆိုသည်များကို သာတွေ့ ရသည့်အတွက် ပြည် ခိုင် ဖြိုး လူငယ်  များ စွပ်စွဲခံနေရသည့်  သံဃာရိုက်/ ဘုန်းကြီး ရိုက် သူများမဟုတ်ကြောင်း
သက်သေခံလျှက်ရှိပါသည် ။
၅။    ၂၀၀၇ ခုနှစ် ၊ စက်တင်ဘာအရေးအခင်းကာလတွင်ပြည်ထဲရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၊လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမောင်ဦး မှ မြို
့ပြအက်ဥပဒေ  အရ စွမ်းအားရှင် လူတန်းစားသတ်မှတ်ချက် ကိုဖေါ်ထုတ်ပြောကြားပေးနိုင်ပါရန် နှင့် ပြည် ခိုင် ဖြိုး အသင်းတွင် တာဝန်မရှိခဲ့ကြောင်း သက်သေထူပေးစေလိုပါသည်။
၆။     ယင်းသို့ သက်သေထူပြောဆိုပေးခြင်းများမရှိပါက ၁၉၉၆ ခုနှစ် ပြည်ခိုင်ဖြိုးအသင်းအတွင်းရေးမှူး
များ မှ တ ဆင့် အနိုင်ကျင့် အမိန် ပေးအကြပ်ကိုင်စေ ခိုင်းခဲ့မှုများ ကို ဆက်လက်ဖေါ်ထုတ်သွားမည်။
ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းများ
ရန်ကုန်တိုင်းဒေသကြီး
ဒေါ်စုရဲ့နေ့ချင်းပြန် ထားဝယ်ခရီး
ဒေါ်စုရဲ့နေ့ချင်းပြန် ထားဝယ်ခရီး
အိန္ဒိယဆွေးနွေးပွဲ မြန်မာပါတီတွေ တက်မယ်
အိန္ဒိယဆွေးနွေးပွဲ မြန်မာပါတီတွေ တက်မယ်
ကုလားတန်စီမံချက်ကိစ္စ နယူးဒေလီတွင် ချင်းပါတီ ဆွေးနွေးမည်
ကုလားတန်စီမံချက်ကိစ္စ နယူးဒေလီတွင် ချင်းပါတီ ဆွေးနွေးမည်
Saturday, January 28, 2012
ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရရည်မှန်း
ကေအိုင်အိုက နိုင်ငံရေးဆွေးနွေးရင်း အပစ်ရပ်လို
ကေအိုင်အိုက နိုင်ငံရေးဆွေးနွေးရင်း အပစ်ရပ်လိုhttp://www.bbc.co.uk/burmese/news/2012/01/120129_kiogunmaw.shtml
ကမ္ဘာ့အချမ်းသာဆုံး သူဌေးအကြီးစားကြီးများအကြောင်း
ဇော်အောင် (မုံရွာ)
ဇန်န၀ါရီ ၂၈၊ ၂၀၁၂
ကိုအေးငြိမ်းရေးသည့် စာများသည် အလွန်အကျိုးရှိလှပါတယ်။ (Singapore CPF) စီပီအက်ဖ်အကြောင်းနဲ့ပတ်သက်ပြီး ၀က်ဆိုဒ်ထဲမပါတဲ့ သူဌေးအကြီးစားကြီးများနှင့် ကျွန်ုပ်အမြင်များကို ထပ်ထည့်ရေးလိုက်ပါသည်။ ဆရာသမားများမှာ ကျော်ဝင်း၊ မောင်စူးစမ်းနှင့် အေးငြိမ်းစာ အုပ်များဖြစ်သည်။
● အစိုးရသည် သူဌေးအကြီးစားဖြစ်သည်
အာဏာရယူခြင်း(သို့မဟုတ်)အာဏာပိုင်နှင့်ပေါင်းဖေါ်အမျိုးစပ်ခြင်းသည်အမြန်ဆုံးသောသူဌေး ဖြစ်နည်းဖြစ်သောကြောင့် လူတိုင်း အာဏာ မက်ကြပါသည်။ နိုင်ငံတော်အာဏာအတွက်လည်း တိုက်ခိုက်နေရပါသည်။ ထို့ကြောင့် မြန်မာ ပြည်မှကြံ့ဖွတ်အစိုးရနှင့် စင်ကာပူမှ ပီအေပီအစိုးရများသည် အာဏာမလွတ်ရအောင် နည်းမျိုးစုံဖြင့်လုပ်နေကြပါသည်။
လူကောင်းများသော အစိုးရသည် ပြည်သူ့ထံမှငွေကို လိမ်မာပါးနပ်စွာဖြင့်စုဆောင်းစေပြီး တိုင်းပြည်လိုအပ်သော ပညာရေး၊ကျန်းမာရေး၊စီးပွားရေးများတွင် သုံးစွဲစေပါသည်။ စုဆောင်းငွေများတွင် စင်ကာပူ၏ စီပီအက်ဖ်သည် ခေတ်သစ်အစ္စရေးနည်းလမ်းကို အမှီပြုထားသော ကြောင့် အမေရိကန်၏ ဆိုရှယ်စစ်ကျူရတီ Social Security နည်းလမ်းထက် များစွာအဆင့်မြင့်ပါသည်။ (ယခုအခါအမေရိကန်လည်း Social Security ကို ပြုပြင်ပြောင်းလဲနေပါသည်)။ အမေရိကန်တွင် ဆိုရှယ်စစ်ကျူရတီ စုဆောင်းငွေများကို လွတ်ပ်ဟိုး Loop Hole များမှ Lawyer & Doctor အဖွဲ့စည်းများက ထုတ်ယူသုံးစွဲနေကြပြီး တိုင်းပြည်အစိုးရ တဖြေးဖြေးဆင်းရဲလာသည်။ စင်ကာပူ၊ တရုတ်နိုင်ငံများက အမေရိကန်နှင့်ဥရောပနိုင်ငံများ၏ ဆိုရှယ်စစ်ကျူရတီစနစ်အားနည်းချက်များကို ပိတ်ဆို့လုပ်ကိုင်သောကြောင့် တဖြေးဖြေးချမ်းသာလာကြ သည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။
စင်ကာပူသည် နှစ် ၄၀ အတွင်း တစ်ဦးခြင်းဝင်ငွေ per capital income တွင် ကမ္ဘာ့နံပါတ်၂ သို့တက်လှမ်းလာခြင်းမှာ ကျွန်တော့်အတွက် အထူးစိတ်ဝင်စားစရာကောင်းပေသည်။ ကျွန်တော်ရေးသော စင်ကာပူဆောက်လုပ်ရေးနှင့် မြန်မာများဆောင်းပါးတွင် စကာပူနှင့် နော်ဝေး နိုင်ငံပေါင်းပြီး REC ဆိုသော ဆိုလာပင်နယ်စက်ရုံအတွက် ဒေါ်လာ ၆.၃ ဘီလျှံ ငွေစုဆောင်းပြီး၊ နော်ဝေးနှင့် ဥရောပပြည်သူများထံမှ ငွေကို လိမ်မာပါးနပ်စွာရယူခြင်းမှာ သူဌေးအကြီးဆုံး (အစိုးရများ) ၏ Big Cheating ပင်ဖြစ်သည်။
● အစိုးရငွေရှာနည်းတခု Government Level Making Money
ပါနီထဲကရေ – ပါနီထဲပြန်ရောက် ဆိုစကားအတိုင်း ကျွန်တော် ၁၃ နှစ်လုပ်ခဲ့သော စင်ကာပူအစိုးရဆီမီးကွန်ဒက်တာကုမ္မဏီလည်း အစိုးရ ကအရှုံးခံပြီး လုပ်ပါသည်။ ရလဒ်ကတော့ ကမ္ဘာ့ဆီမီးကွန်ဒက်တာကုမ္မဏီများစွာ စင်ကာပူတွင်လာရောက်လုပ်ကိုင်သောကြောင့် စက်ရုံ အတွက်အထူးလိုအပ်သော 3M Man (ကျွမ်းကျင်လုပ်သား), Material (ကုန်ကြမ်း), Method (စက်အပိုပစ္စည်းထုတ်လုပ်သည့်ကုမ္မဏီ များ) စင်ကာပူတွင်လာရောက်အခြေချကြပါတော့သည်။ လက်ရှိမြန်မာပြည်ကဲ့သို့ ရေတိုစီးပွားရေးမဟုတ် ..ရေရှည် ၁၀နှစ်ကျော်မှ အသီး အပွင့်ခံစားရသော စီးပွားရေးလုပ်ငန်းဖြစ်သည်။ ၁၀ နှစ်ကျော် အစိုးရကအရှုံးခံပြီး CPF စုဆောင်းငွေများမှ ဘီလျှံနှင့်ချီပြီး ထိုကုမ္မဏီသို့ ရင်းနှီးငွေ ထုတ်ချေးပါသည်။ ယခုအခါ စင်ကာပူတွင် ဆီမီးကွန်ဒက်တာ 3M လိုအပ်ချက်ပြည့်သွားပြီဖြစ်သောကြောင့် ထိုကုမ္မဏီ Chartered Semiconductor Manufacturing ကို အာရပ် (ဒူဘိုင်း) သူဌေးများအား ရောင်းချလိုက်ပြီးဖြစ်သည်။ ကုမ္မဏီနာမည်အသစ်ဖြစ်သည် Global Foundries. ထိုကုမ္မဏီသည် အမေရိကန်ပြည်သူများနှင့်စင်ကာပူပြည်သူများ၏ ပိုလျှံစုဆောင်းငွေ (CPF saving သာမက၊ ပါစင် နယ် Bank Saving ) ကိုရအောင် IPO စတော့အိတ်ချိန်း ရှယ်ရာနည်းလမ်းဖြင့် ငွေရှာဖွေသွားပါသည်။
● သူဌေးဆိုသည်မှာ
သူများထံမှငွေကို မည်သို့ရအောင်ယူရမည်ကိုအမြဲကြံနေသောကြောင့် လူကိုမြင်လျှင် ပိုက်ဆံများဟုသဘောထားပြီး လူများနှင့် ဆက်ဆံ ရေးအလွန်ကောင်းသူများဖြစ်သည်။ ဂါးဗားမင့်ဟုခေါ်သော အစိုးရခေါင်းဆောင်ကောင်းများသည် သူဌေးအကြီးစားများဖြစ်သည်။ ပြည်သူ များနှင့် လုပ်ငန်းရှင်များထံမှာ အခွန်ရအောင်ကောက်ပြီး၊ ထိုငွေဖြင့် တိုင်းပြည်လိုအပ်ချက်များကို လုပ်သည်။ သူတို့အိပ်ကပ်များ ထဲသို့ လည်း ထည့်သည်။ (Corruption). (မှတ်ချက်၊ စင်ကာပူတွင် အစိုးရ၀န်ကြီးများကို လာဘ်မစားရန် အဆမတန်ပေးထားသည့်နည်းလမ်းသုံးပါ သည်)။ ထို့ကြောင့် ဥစ္စာရှာသည့်နည်းလမ်းတွင် စီးပွားသမားများက ဘဏ်များမှငွေချေးပြီး စီးပွားလုပ်ကြသည်။ ပြည်သူများက (ရရစား စားများ) ရှိတာလေးတွေ ဘဏ်ထဲစုဆောင်းကြသည်။ ထို ၂ မျိုး (ပြည်သူလူထုနှင့် စီးပွားလုပ်ငန်းရှင်များ) ထံမှ ဂါးဗားမင့်ဆိုသူက ထပ်မံ အခွန်ကောက်တော့သည်။
အခွန်ကောက်တတ်သောအစိုးရ (ယခင် အမေရိကန်အစိုးရနှင့် ယခု တရုတ်ပြည်၊ ယခုစင်ကာပူအစိုးရ) တို့ကြောင့် အမေရိကန်နှင့်စင်ကာပူ နိုင်ငံများ ကြွယ်ဝချမ်းသာလာကြသည်။ အခွန်မကောက်တတ်သောအစိုးရများ (လာဘ်စားမှုများသည့်နိုင်ငံ – ဥပမာ မြန်မာပြည်နှင့် အခွန် ရှောင်မှုများသည့်နိုင်ငံ – ဥပမာ ဂရိ၊ ဗြိတန်နှင့် အနောက်နိုင်ငံများစွာ) တို့မှာ တဖြေးဖြေး ဆင်းရဲလာကြသည်။
● ဆရာသမား ဂျာနယ်လစ်စ်များ
American JournalisThomas Friedman (born July 20, 1953) ရဲ့စာအုပ်များမှာ ကျော်ကြားလှပါသည်။ ပူလစ်ဇာဆုများစွာရသော မီလျှံနာ ဂျာနယ်လစ်စ်ဖြစ်သည်။ ကျော်ဝင်းဘာသာပြန်တဲ့ World is Flat စာအုပ်နှင့်၊ မောင်စူးစမ်းဘာသာပြန်သော The Lexus and the Olive Tree: စာအုပ်များသည် မြန်မာပြည် ဂျာနယ်လစ်များနဲ့ ပြုပြင်ပြောင်းလဲရေးလောကမှာကျော်ကြားလှပါသည်။
● အတိုးနှုန်းတွက်ပုံ (ဘဏ်နှင့် အသက်အာမခံလုပ်ငန်းများ)
If a person buys S$100 worth of gold in 1970, that amount of gold would be worth around S$1900 in 2011. In comparison, the same amount of money would be S$740 today if it is assumed that CPF pays 5% interest every year.
M = P( 1 + i )n
M is the final amount including the principal.
P is the principal amount.
i is the rate of interest per year.
n is the number of years invested.
ဥပမာ – မြန်မာပြည်တွင် တနှစ် ၁၃ ရာနှုန်းဘဏ်တိုးနှုန်းဖြင့် ငွေတရာကို ၁၀ နှစ်စုဆောင်းပါက အတိုး၊ အရင်းပေါင်း ၃၃၀ ကျပ်ရရှိမည် ..ဟု မြန်မာ့စီးပွားရေးဘဏ် (အစိုးရ) က ကြေညာထားပါသည်။ excel formula =100*POWER(1.13,10)
ထိုနည်းဖြင့် လူများ (သူဌေးနှင့် စီးပွားရေးသမားမပါ) ၏ စုဆောင်းငွေကို ဘဏ်များကရရှိပါသည်။ ထိုစုဆောင်းငွေများကို ဘဏ်များက အိမ်ပေါင်၊ မြေပေါင်းခြင်းဖြင့် လုပ်ငန်းလုပ်သူများကို အတိုးနှုန်း ၁၅-၁၈ ရာနှုန်းဖြင့် လပိုင်း (သို့မဟုတ်) လပိုင်း အတိုးပြန်ချေးပေးပါသည်။ Business Loan or Housing Loan. အိမ်ဝယ်သူများကိုချေးပေးခြင်းမှာ မိမိအိမ်ကိုပြန်လည်ပေါင်းနှံခြင်းပင်ဖြစ်ပါသည်။ လူလည်များက မိမိအိမ်၊ မြေ၊ ခြံကို ဘဏ် ၂ ခု၊ ၃ ခု ထံ တပြိုင်တည်းပေါင်နှံခြင်းမရှိရန် ဘဏ်များအဆက်အသွယ်ရှိထားရပါသည်။ (သက်သေခံလက်မှတ် – အိမ်ဂရမ်ကို ဘဏ်ထံအပေါင်ထားရပါသည်။)
နောက်တနည်း -လူများထံမှ ပိုက်ဆံကို ဥပဒေဘောင်ဖြင့် ရယူသောလုပ်ငန်းမှာ အသက်အာမခံဖြစ်သည်။ လူများကို အာမခံထားစေခြင်းဖြင့် ငွေစုဆောင်းစေပါသည်။ ကျွန်တော်သည် အမေရိကားမှ အသက်အာမခံကုမ္မဏီတခုအတွက် တနှစ်အေးဂျင့်အငှားလုပ်ပေးခဲ့ဖူးသောကြောင့် ..အောင်မြင်သော အသက်အာမခံအေးဂျင့်သည် အလွန်အမြက်အစွန်းရရှိကြောင်း၊ လူများ၏ အာမခံစုဆောင်းငွေများကို ဘဏ် တိုးနှုန်း (Fix Deposit) ထက် အများကြီးပိုမိုပေးကြောင်း တွေ့ရပါသည်။ အသက်အာမခံအတွက် စုဆောင်းကာလမှာ ၅ နှစ်၊ ၁၀ နှစ်၊ တသက်လုံးဖြစ်သောကြောင့် အသက်အာမခံကုမ္မဏီများမှာ အလွန်ချမ်းသာကြပါသည်။ ထိုလုပ်ငန်းကိုလည်း အများအားဖြင့် အစိုးရကုမ္မဏီ (ဥပမာ – စင်ကာပူ NTUC Income) ကသာ လက်ဝါးအုပ်ထားပါသည်။
● နိဂုံး
ကိုအေးငြိမ်းကိုးကားသော ၀ိကိပိဒိယတွင် အစိုးရများ ပြည်သူ့ငွေကို စုဆောင်းစေသောစနစ်အချို့ရေးထားပါသည်။ ကျွန်တော်စိတ်အ၀င်စား ဆုံးမှာ အစ္စရေးအစိုးရက မည်သည့်နည်းဖြင့် သူ့နိုင်ငံသားများထံမှ ငွေကိုရအောင်ယူသနည်း ..ဆိုသည်ပင်ဖြစ်သည်။ ဂျူး ..ဆိုသော အစ္စ ရေးလူမျိုးသည် ငွေစုဆောင်းသည့်နေရာနှင့်စီးပွားရှာသည့်နေရာတွင် ကုလား၊ တရုတ်များထက် များစွာသာလွန်ပါသည်။ ထိုဂျူးသဌေးများ ..အမေရိကန်နှင့် ဥရောပမှထွက်ခွာပြီး ရေကြည်ရာမြက်နုရာ စင်ကာပူ၊ ဟောင်ကောင်၊ တရုတ်ပြည်များသို့ ထွက်ခွာနေကြပြီဖြစ်သည်။ အစ္စရေး (ဂျူး) များကို အကြံပေးခန့်ထားသော လီကွမ်းယု၏ စင်ကာပူအစိုးရသည် တစ်ဦးချင်ငွေကြေးပိုင်ဆိုင်မှုတွင် အစ္စရေးထက်များစွာသာလွန်နေသော်လည်း ပတ်ဝန်းကျင်နိုင်ငံများ၏ စစ်ရေးချိန်းချောက်မှုကို အမေရိကန် တပည့်ခံနေရဆဲပင်ဖြစ်ပါသည်။
● Reference Links from Wikipedia CPF
* Central Provident Fund (South Africa)
* Social security
* Employees Provident Fund, Malaysia’s Provident Fund
* Provident Fund, for other “Provident Funds” in other countries.
* Economy of Singapore
● Similar systems elswhere
* National Insurance (UK)
* Social Security in France
* South African Social Security Agency
* Social Security (United States)
* Social Security (Sweden)
* Social Security (Australia)
* National Social Security System (Sistem Jaminan Sosial Nasional) (Indonesia)
ပိတ်ဆို့အရေးယူမှုအပေါ် အစိုးရအတွင်း အငြင်းပွား
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု၊ ယင်းပိတ်ဆို့မှုများ လျှော့ချ၊ ရုပ်သိမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ နေပြည်တော် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အပြင်းအထန် ဆွေးနွေးငြင်းခုန်နေကြကြောင်း နီးစပ်သည့် အသိုင်းအဝန်းများမှ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် မစ္စတာ မက်ကိန်းနှင့် အဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ ခရီးစဉ်မတိုင်မီနှင့် ခရီးစဉ်အပြီး ကာလနှစ်ခုစလုံးတွင် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အတွင်း အငြင်းပွားမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။
NDSC တွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတများဖြစ်သော ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေးတို့ ပါဝင်သည်။
ယင်းအဖွဲ့က နိုင်ငံတော်၏ ထိပ်တန်းဦးစားပေး ကိစ္စရပ်များ၊ နိုင်ငံတော် လုံခြုံရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီ အသွင်ပြောင်းရေး ကိစ္စများကို အဆုံးအဖြတ်ပေးသည်။
ပိတ်ဆို့အရေးယူမှုကို ထောက်ခံခဲ့သူ မစ္စတာ မက်ကိန်းက အမေရိကန်၏ ပိတ်ဆို့မှု ရုပ်သိမ်းရေး စဉ်းစားမှုကို လာမည့် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိအထိ စောင့်ကြည့်ရန် မကြာသေးမီက မြန်မာပြည် ခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် ပိတ်ဆို့မှု ရုပ်သိမ်းရေး တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြဿနာမရှိနိုင်ပါဘူး” ဟု မစ္စတာ မက်ကိန်းက ပြောဆိုခဲ့သည်။
သို့သော်၎င်းအနေဖြင့်ဒွိဟအနည်းငယ်ရှိနေကြောင်းနှင့် ဖြစ်စဉ်တလျှောက်အပြုသဘောဖြင့် စောင့်ကြည့်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမတ်နေရာ ၄၈ နေရာစလုံး၌ဝင်ရောက်ယှဉ်ပြိုင်မည့်ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကို ခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ မက်ကိန်းက ပြောသွားသည်။
မစ္စတာမက်ကိန်းကကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန်နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့်ပြုရန်လည်း သမ္မတ ဦးသိန်းစိန် အစိုးရကို တိုက်တွန်းခဲ့သည်။
“အံ့သြလောက်စရာတွေ ဖြစ်လာဖို့ကျနော်တို့မမျှော်လင့်ပါဘူး။လမ်းကြောင်းမှန်အတိုင်းတိုးတက်ဖြစ်ထွန်းနေဖို့ပဲ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု မစ္စတာ မက်ကိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးစေလိုပြီး တဖြည်းဖြည်း ရုပ်သိမ်းသွားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က မကြာသေးမီက ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
“ပိတ်ဆို့အရေးယူမှုတွေဆိုတာ အစိုးရကို ထိသွားစေဖို့ ရည်ရွယ်တာပဲ။ တကယ်မှာကပြည်သူ့အကျိုးစီးပွားကိုသာ သွားထိတယ်။ အရင် အစိုးရအပေါ် ဘာမှ သက်ရောက်မှုမရှိခဲ့ဘူး။ လမ်းပြမြေပုံအဆင့်ဆင့်ကြောင့်သာ နိုင်ငံအတွက်ဒီမိုကရေစီစနစ်ကို လွှဲပြောင်းပေးနိုင်ခဲ့တယ်” ဟု သမ္မတ ဦးသိန်းစိန်ကဝါရှင်တန်ပို့စ်သို့ ဖြေကြားသွားသည်။
မစ္စတာ မက်ကိန်းခရီးစဉ်တွင် လိုက်ပါလာသူ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျိုးဇက် လီဘာမန်က ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်မှုသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက်အပေါ် များစွာ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း၊ သို့သော် ယုံကြည်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အစစအရာရာ အလုံးစုံ ဆုံးဖြတ်ခွင့် ပေးနေသည်ဟု မဆိုလိုကြောင်း၊ မြန်မာပြည်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ဟု ၎င်းတို့ ယုံကြည်လာသောအခါ ရလဒ်အနေဖြင့် ပိတ်ဆို့မှုများကို ဖယ်ရှားပြီး မြန်မာအစိုးရနှင့် ပိုမိုနီးစပ်လာမည်ဖြစ်ကြောင်း ပြောသည်။
ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်က ချမှတ်ထားသောစီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးသည် တောင်းဆိုထားသောအချက်အလက်များ ဖြစ်ပေါ်လာလျှင်အလိုအလျောက်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းမှတ်ချက်ပေးထားသည်။
“အချိန်ကျတယ်လို့ သူတို့ (အမေရိကန် အစိုးရ) က ယူဆရင် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သွားပါလိမ့်မယ်။ ပိတ်ဆို့အရေးယူမှု ဖယ်ရှားဖို့ ဘာတွေလုပ်ဆောင်ပေးဖို့ လိုတယ်ဆိုတာကို အမေရိကန်က သေချာ ရှင်းရှင်းလင်းလင်း ချမှတ်ပြီးသား ဖြစ်ပါတယ်။ ဒီ (သမ္မတ ဦးသိန်းစိန်) အစိုးရအနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းစေချင်ရင် သူတို့က ကြိုးစားပြီးတော့ လုပ်စရာရှိတာတွေ လုပ်ပြဖို့ လိုပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကြောင့် နေပြည်တော်အသိုင်းအဝန်းတွင် သံသယနှင့် စိုးရိမ်မှုများ တိုးမြင့်လာခြင်းဖြစ်ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။ NDSC အဖွဲ့ဝင်တချို့က အဆိုပါ ပြောဆိုချက်များကို ကိုးကား၍ ဒေါ်အောင်ဆန်းစုကြည်ကို အပြောင်းအလဲမရှိသူ၊ မယုံရသူဟု ဝေဖန်နေပြီး သမ္မတဦးသိန်းစိန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နှစ် သြဂုတ်လက နေပြည်တော်၌ တွေ့ဆုံခဲ့သည့် အပေါ် ဝေဖန်နေကြောင်း သိရရှိသည်။
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုမှာမူ အမေရိကန်လောက် မတင်းကျပ်ဘဲ ယခုအခါတွင် ပထမအဆင့်အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို ခရီးသွားလာခွင့် ဖွင့်ပေးခဲ့ပြီးဖြစ်သည်။ ဂျာမနီ၊ ပြင်သစ်တို့ကဲ့သို့သော ဥရောပသမဂ္ဂဝင် နိုင်ငံတချို့သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ သဘောထား ပျော့ပြောင်းသည့် နိုင်ငံများဖြစ်သည်။
နေပြည်တော် အစိုးရအသိုင်းအဝန်းမှလာသော သတင်းများအရ သမ္မတ ဦးသိန်းစိန်အစိုးရသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ တဖြည်းဖြည်းမှ ရုပ်သိမ်းနိုင်မည်ဆိုသည့် မူဝါဒသဘောကို နားလည်ကြောင်း၊ သို့သော် ခရီးသွားလာခွင့် ပြန်လည်ဖွင့်ပေးခြင်းသည် ၎င်းတို့ အလိုရှိသော ဦးစားပေး ကိစ္စမျိုး မဟုတ်ကြောင်း၊ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့်အပေါ် ကန့်သတ်ချက်များ၊ အနောက်နိုင်ငံများမှ ငွေလွှဲပြောင်းမှုများအပေါ် ထိန်းချုပ်မှုများကသာ သမ္မတဦးသိန်းစိန်အစိုးရ၏ ဦးစားပေးလိုလားသည့်ကိစ္စဖြစ်ကြောင်း သိရှိရသည်။
ဦးသိန်းဇော်၏ အဆိုနှစ်ခု အတည်ပြု
မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် တင်သွင်းသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးဆိုင်ရာ အဆိုနှစ်ရပ်ကို လွှတ်တော်မှ အတည်ပြုပေးလိုက်ကြောင်း သိရသည်။
တိုင်းရင်းသားများ၏ လူနေမှုဘဝ မြင့်မားရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းရန် သောကြာနေ့ လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းဇော် အဆိုပြုတင်သွင်းရာ အတည်ပြုပေးလိုက်သည်ဟု လွှတ်တော်အမတ် များက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု
ကော်မတီ ဥက္ကဋ္ဌဖြစ်သူ  ဦးသိန်းဇော် တင်ပြသည့်  အဆိုပါကော်မတီတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်နယ်/ တိုင်း ဝန်ကြီးချုပ်များ ဦးစီးမည် ဖြစ်သည်။
parliament-session-photo
ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် တင်သွင်းသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးဆိုင်ရာ အဆိုနှစ်ရပ်ကို လွှတ်တော်မှ အတည်ပြုပေး (ဓါတ်ပုံ မဇ္ဈိမ)
ထို့အပြင် ကြာသပတေးနေ့ လွှတ်တော် အစည်းအဝေးတွင်လည်း ဦးသိန်းဇော် က "ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း
ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ရန်ပုံငွေစာရင်း ခေါင်းစဉ်ဖြင့် ရန်ပုံငွေတရပ် ထားရှိရန်" အဆို တင်သွင်းခဲ့သေး ရာ ထောက်ခံဆွေးနွေးမှုများဖြင့် ထိုနေ့တွင်ပင် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
အမျိုးသားလွှတ်တော်၏ ကြာသပတေးနေ့ ဆွေးနွေးပွဲတွင် အပိုဒ် ၃၀ ကျော်ပါရှိသည့် "မြေလွတ်မြေရိုင်း ဖေါ်ထုတ်ရေး ဥပဒေကြမ်း" မှ အပိုဒ်တချို့ကို ပယ်ဖျက်ပေးရန် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဖေသန်း က ကန့်ကွက်ခဲ့သည်။
မြေလွတ်၊ မြေရိုင်းများ ဖော်ထုတ်ရာတွင် ဟန့်တားနှောက်ယှက် တားဆီးမှုများ မရှိစေရန် ဝန်ကြီးဌာနပေါင်းစုံမှ ဒုဝန်ကြီး များဖြင့် ဖွဲ့စည်းထားသည့် ကော်မတီက ကာကွယ်ပေးရမည် ဟူသည်ကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ “မြေလွတ်မြေရိုင်း ဖော်ထုတ်ရေး” ဥပဒေအား တနင်္လာနေ့တွင် ပြန်လည်သုံးသပ်ရန် ဆက်လက် ဆွေးနွေးကြ မည် ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမျိုးမြင့်၏ ပေ-ပေါင် ယူနစ် စနစ်မှ စင်တီမီတာ-ဂရမ် ယူနစ်စနစ်သို့
ပြောင်းလဲသုံးစွဲရေး အဆိုကို အတည်ပြုခဲ့သည်ဟုလည်း လွှတ်တော်အမတ်များက ပြောသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်၏ ကိုယ်ဝန်ဆောင်ဝန်ထမ်း အမျိုးသမီး
များအား မီးဖွားခွင့်ရက် တိုးမြှင့်သတ်မှတ်ပေးရန် အဆိုကိုလည်း လွှတ်တော်မှ အတည်ပြုပေးခဲ့သည်ဟု သိရသည်။
အမျိုးသားလွှတ်တော်တွင် အလုပ်သမားဝန်ကြီးဌာနမှ "လူမှုဖူလုံရေး ဥပဒေကြမ်း" နှင့် စီးပွားရေးနှင့် ကူးသန်းရောင်း
ဝယ်ရေး ဝန်ကြီးဌာနမှ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း" တို့ကို တင်သွင်းခဲ့ကြောင်းလည်း သိရသည်။
Thursday, January 26, 2012
ထားဝယ်စီမံကိန်း အတွက် ၁၈ ရွာ ပြောင်းရမည် သေချာ
သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ စစ်တပ် ထောက်ခံ
ငြိမ်းချမ်းရေးရန်ပုံငွေ ထူထောင်ရန် လွှတ်တော်တွင် အတည်ပြု
တနှစ်တာ ဘတ်ဂျက်ကိစ္စ တရက်တည်းနှင့် အပြီးဆွေးနွေးမည်
EU က မြန်မာကို ယူရို သန်း ၁၅၀ ထောက်ပံ့ဖွယ်ရှိ
အာဏာရအင်အားစုအတွင်း NLD ကို လက်မခံသူများရှိနိုင်
မင်္ဂလာတောင်ညွန့် မီးလောင်မှု အဓိကအကြောင်းရင်း ပေါ်ပြီ